ဓါတ်ပုံရိုက်ကူးရာတွင် သတိပြုရန်အချက်များ
၁။ (၆)လအတွင်းရိုက်ကူးထားသည့် ရောင်စုံဓါတ်ပုံဖြစ်ရမည်။
၂။ ဓါတ်ပုံအရွယ်အစားမှာ ၃၅ X ၄၅ မီလီမီတာ အရွယ်အစားဖြစ်ရမည်။
၃။ ဓါတ်ပုံ၏ Resolution မှာ 600 dpi ဖြစ်ရမည်။
၄။ မျက်နှာဧရိယာသည် ဓါတ်ပုံ၏ (၈၀) ရာခိုင်နှုန်းရှိရမည်။
၅။ နောက်ခံအဖြူရောင်ဖြစ်ရမည်။
၆။ ဓါတ်ပုံပေါ်ရှိ မျက်နှာ၏အရောင်သည် နဂိုမူလအသားအရောင်ဖြစ်ရမည်။
ရ။ ထင်ရှားမှုရှိသော ပုံရိပ်ဖြစ်ရမည်။
၈။ မျက်လုံးအနေအထားမှာ -
(က) မျက်လုံးနှစ်ဖက်မှာ တစ်တန်းတည်းဖြစ်ရမည်။
(ခ) မျက်လုံးပေါ်ဆံပင်များအုပ်ဖုံးခြင်းမရှိစေရ။
(ဂ) မျက်နှာသည် နောက်ခံအဖြူရောင်၏ အလယ်တည့်တည့်တွင်ရှိရမည်။
(ဃ) မျက်လုံးပေါ်တွင် အနီစက် (red eye) / အဖြူစက် အလင်း ပြန်ခြင်း မရှိစေရ။
၉။ မျက်နှာအနေအထားသည် တည်ကြည်သောအနေအထားဖြစ်ရမည်။
၁၀။ နှုတ်ခမ်းအနေအထားသည် ဖွင့်ဟနေသော အနေအထားမဖြစ်စေရ။
၁၁။ ဓါတ်ပုံပေါ်တွင် အလင်းပြန်ခြင်းမရှိစေရ။
၁၂။ ဓါတ်ပုံပေါ်တွင် အရိပ်မထင်ရ။ အစွန်းအထင်းများမရှိစေရ။
၁၃။ မျက်မှန်တပ်သူများအရောင်ပြောင်းမျက်မှန်မတပ်ရ။ မျက်မှန်ပေါ်တွင် အလင်းမပြန်စေရ။ မျက်မှန်ဘောင်မထူရ။ မျက်မှန်ဘောင်သည် မျက်လုံးကို မကွယ်စေရ။
၁၄။ ဦးထုပ်ဆောင်းမရိုက်ရ။
၁၅။ အစ္စလာမ်ဘာသာဝင်အမျိုးသမီးများ ခေါင်းဝတ်ပဝါသည် မျက်နှာပေါ်တွင် အုပ်မိုးခြင်းမရှိစေရ။