ဗြိတိန်နိုင်ငံ၊ ဒိန်းမတ်နိုင်ငံ၊ ဆွီဒင်နိုင်ငံများ၌ နေထိုင်လျက်ရှိကြသည့် နိုင်ငံခြားသား ခင်ပွန်းအပေါ်မှီခိုသော မြန်မာနိုင်ငံသားအမျိုးသမီးများ(နိုင်ငံခြားသားနှင့်လက်ထပ်ထားသည့် မြန်မာ အမျိုးသမီးများ) မှ မြန်မာသံရုံး၊ လန်ဒန်မြို့၌ အပြန်လေယာဉ်စရိတ် Deposit ပေးသွင်းထားသူများ သည် စတင်ပေးသွင်းထားသည့်နေ့ရက် မှ (၃) နှစ်ကာလပြည့်မြောက်ပြီးဖြစ်ပါက အဆိုပါအပြန် လေယာဉ်စရိတ် (Deposit) အား မြန်မာသံရုံး၊ လန်ဒန်မြို့ ၌ ပြန်လည်ထုတ်ယူနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
မှတ်ချက်။ အပြန်လေယာဉ်စရိတ် Deposit အား Claim လုပ်သည့်အခါ ပေးသွင်းခဲ့စဉ်က လန်ဒန်မြို့၊ မြန်မာသံရုံးမှ ထုတ်ပေးခဲ့သည့် ပြေစာဖြတ်ပိုင်း (Receipt/Slip) အား အထောက်အထားအဖြစ် မပျက်မကွက်ပြသရပါမည်။
မြန်မာသံရုံး၊ လန်ဒန်မြို့