Embassy of the Republic of the Union of Myanmar
London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

မြန်မာ့ရိုးရာ နှစ်သစ်မင်္ဂလာနှင့် မြန်မာ-ဗြိတိန် သံတမန်ဆက်ဆံရေး နှစ် (၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပမှု

မြန်မာ့ရိုးရာ နှစ်သစ်မင်္ဂလာနှင့် မြန်မာ-ဗြိတိန် သံတမန်ဆက်ဆံရေး နှစ် (၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပမှု

မြန်မာ့ရိုးရာ နှစ်သစ်မင်္ဂလာနှင့် မြန်မာ-ဗြိတိန် သံတမန်ဆက်ဆံရေး နှစ် (၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားအား ၁၇-၆-၂၀၁၇ ရက် (စနေနေ့)၊ နေ့လယ် (၁၂၃၀)နာရီမှ ညနေ (၁၇၃၀)နာရီအထိ လန်ဒန်မြို့ရှိ Winston Churchill Hall ၌ ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း-ယူကေ (Nationalities of the Union of Myanmar Association-UK) NUMAUK အသင်း၏ဥက္ကဋ္ဌ ဒေါက်တာတင့်လွင်၊ ဗြိတိန် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ ဇနီး ဒေါ်အေးမင်းမြတ်နှင့် မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံမှူးကြီး ဦးကျော်ထင်လင်း ဦးဆောင်သော သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ NUMAUK အသင်းကြီး၏ အမှုဆောင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးများ၊ အသင်းတာဝန်ရှိသူများနှင့် အသင်းဝင်များ၊ မြန်မာအဖွဲ့ အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အသင်းကြီးအား စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။ 

မြန်မာ့ရိုးရာ နှစ်သစ်မင်္ဂလာနှင့် မြန်မာ-ဗြိတိန် သံတမန်ဆက်ဆံရေး နှစ် (၇၀)ပြည့် အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားအား မွန်းလွဲ (၁၃၄၅)နာရီမှ (၁၄၀၀)နာရီအထိ ကျင်းပခဲ့ပါသည်။ အခမ်းအနား၌ NUMAUK အသင်း၏ အမြဲတမ်းနာယကဖြစ်သူ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းမှ ပေးပို့သည့် မိန့်ခွန်းသဝဏ်လွှာအား အသင်း၏ဥက္ကဋ္ဌ ဒေါက်တာတင့်လွင်မှ ဖတ်ကြား ပါသည်။ ထို့နောက် အစီအစဉ်အရ အသင်း၏ဥက္ကဋ္ဌ ဒေါက်တာတင့်လွင်မှ အမှာစကား ပြောကြားခဲ့ပြီး ဖျော်ဖြေရေး အစီအစဉ်များကို (၁၄၀၀)နာရီတွင် စတင်ကျင်းပခဲ့ပါသည်။

ထို့ပြင် အခမ်းအနားအစီအစဉ်တွင် မြန်မာနိုင်ငံရှိ ထင်ရှားကျော်ကြားသည့် ဘုရားပုထိုးများ၊ ကမ္ဘာလှည့်ခရီးသွား စိတ်ဝင်စားဖွယ်နေရာများ၊ မြန်မာ့ယဉ်ကျေးမှုအကများကို ဗီဒီယိုဖြင့်ပြသခဲ့ပါသည်။ အသင်းဝင်များအား အသင်းဝင်ကတ်ပြားများထုတ်ပေးခြင်း ကိစ္စရပ်များကိုလည်း ပြုလုပ်ခဲ့ပါသည်။ မြန်မာ-ဗြိတိန် သံတမန်ဆက်ဆံရေးနှင့်ပတ်သက်သည့် မှတ်တမ်းဓါတ်ပုံများကိုလည်း တက်ရောက်လာသူ များအား လေ့လာကြည့်ရှုနိုင်ရန် ပြသခဲ့ပါသည်။

ဖျော်ဖြေရေးအစီအစဉ်များအဖြစ် မြန်မာ့ရိုးရာ တေးသီချင်းများနှင့် သင်္ကြန်အဆိုအကများ၊ သံချပ် များဖြင့် သီဆို ဖျော်ဖြေခဲ့ကြပြီး အသင်း၏ရန်ပုံငွေ ရရှိရေးအတွက် မြန်မာ့ရိုးရာ အစားအသောက် (၁၆)မျိုးကိုလည်း ရောင်းချခဲ့ကြပါသည်။ အခမ်းအနားအစီအစဉ်မှာ ညနေ (၁၇၃၀)နာရီတွင် ပြီးဆုံးခဲ့ ပါသည်။

            အဆိုပါ နှစ်သစ်မင်္ဂလာနှင့် မြန်မာ-ဗြိတိန် သံတမန်ဆက်ဆံရေး နှစ် (၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို မြန်မာသံရုံးမှ သံအမတ်ကြီး၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ မြန်မာသံရုံးနှင့် ဗြိတိန် နိုင်ငံရောက် မြန်မာနိုင်ငံသားများအကျိုး ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးနှင့် နိုင်ငံရေး အရောင်အသွေး ကင်းရှင်း၍ စည်းလုံးညီညွတ်သည့် ပြည်ပရောက် မြန်မာ့လူမှုရေးအသင်းအဖွဲ့အဖြစ် ရည်ရွယ် ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း-ယူကေ အသင်းကြီးမှ ကမကထပြု စီစဉ်ကျင်းပခြင်း ဖြစ်ပါသည်။

သတင်းဓါတ်ပုံ

မြန်မာသံရုံး၊ လန်ဒန်မြို့။                                                                                                            

Announcements

Friday 02, December, 2016 New Visa fees Payment Announcement

Latest Updates

Activities